ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် (မြို့နယ်အဆင့်) သင်တန်းဆွေးနွေးပွဲကျင်းပ

ကျိုင်းတုံ မတ် ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်း အဆင့် ဘာသာရပ်စွမ်းရည်မြှင့် (မြို့နယ်အဆင့်) သင်တန်းဆွေးနွေးပွဲကို ယမန်နေ့က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် နည်းပြဆရာ၊ ဆရာမများက  စနစ်သစ်ပညာရေးတွင် သတ်မှတ်ထားသည့် သင်ကြားရေးစနစ်များကို တစ်နှစ်ထက်တစ်နှစ် ပညာရေးမြှင့်မားလာစေရေး၊ ကျောင်းသား၊ ကျောင်းသူများ သင်ခန်းစာများ ပိုမိုလွယ်ကူနားလည်နိုင်စေရေး စသည့် စနစ်သစ် ပညာရေးကို လမ်းညွှန်ချက်များနှင့်အညီ မတ်လ ၂၈ ရက်မှ ၃၁ ရက်အထိ သုံးသပ်ဆွေးနွေး သွားမည်ဖြစ်ပြီး ကျိုင်းတုံမြို့နယ်မှ ဆရာ၊ ဆရာမ ၅၆၅ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)