မိုင်းတုံ၌ (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ

မိုင်းတုံ ဧပြီ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား/ကျောင်းသူများအား ဆုပေးပွဲအခမ်းအနားကို ယ‌မန်နေ့ နံနက်ပိုင်းက အ.ထ.က မိုင်းတုံကျောင်းဝန်းရှိ နီလာဆောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုပေးပွဲအခမ်းအနားတွင် မိုင်းတုံအခြေချစစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီးဇော်မင်းဦးမှ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးကော်မတီအဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းမြင့်ထွန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဆိုင်များကို အကျယ်တစ်ဝန်းရှင်းလင်းခြင်း၊ မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ် ရေးကော်မတီဉက္ကဋ္ဌ ဦးလွင်မိုးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအကြောင်း အကျယ်တစ်ဝန်း ရှင်းလင်းပြောကြားပြီးနောက် ပန်းချီ၊ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများကို ပထမဒုတိယ၊ တတိယ၊ နှစ်သိမ့်(၂)ဆုဖြင့် စုစုပေါင်းဆု(၃၅)ဆုကို သက်ဆိုင်ရာပုဂ္ဂိုလ်များမှ အသီးသီးဆုချီးမြှင့်ပေးရာ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများမှ လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)