သတင်းများ

နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ Club အဖွဲ့များပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်
Apr 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Club အဖွဲ့များ   ပူးပေါင်း၍ စာရေးဆရာမောင်မင်းစိုး ရေးသားထားသည့် “လူငယ်နဲ့ အပြောင်းအလဲ” (ဘဝနေနည်းလမ်းညွှန်ဆောင်းပါးများ) စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကိုယမန်နေ့နံနက် ၁၀ နာရီခွဲ အချိန်က လူထုအခြေပြုဗဟိုဌာန Community Centreခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကျင်းပ
Apr 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ ကမ္ဘောဇခန်းမတွင် ယမန်နေ့ နံနက်(၉)နာရီ ကျောင်းပေါင်းစုံမှ ကျောင်းသား/ကျောင်းသူများအား ဖိတ်ခေါ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ ကျင်းပခဲ့သည်။
ကျေးလက်စီးပွား မြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေး လုပ်ငန်းများအား  တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Apr 20,2023
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ကြက်မောက်ကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးလုပ်ငန်းများအား တာဝန်ရှိ သူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ  မြန်မာနှစ်သစ်ကူးတရားအလှူတော် တတိယည(နောက်ဆုံးည)ဓမ္မသဘင်ကျင်းပ
Apr 20,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သည့် မြန်မာနှစ်သစ်ကူးတရားအလှူတော် တတိယည(နောက်ဆုံးည) ဓမ္မသဘင်ကို ယမန်နေ့ည(၇)နာရီအချိန်က တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးရှေ့ရှိ ဓမ္မသဘင်မဏ္ဍပ်တွင် ကျင်းပခဲ့ရာ အစိုးရအဖွဲ့ဝန်ကြီးများ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အသီးသီးရှိ ဓမ္မမိတ်ဆွေ သူတော်စင်များ နာယူကြည်ညိုကြသည်။
မန်ကန်မြို့နယ်တွင် ဒေသကြက်မွေးမြူခြင်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင် အပိုဝင်ငွေ ရရှိ
Apr 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် ဒေသကြက်များ တစ်ပိုင်တစ်နိုင်မွေးမြူခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတအကယ်ဒမီဝိပဿနာဓမ္မရိပ်သာ၌ ကျင်းပသော သတ္တမအကြိမ်မြောက် မိုးကုတ်ဝိပဿနာ (၅) ရက် တရားစခန်းပိတ်သိမ်း
Apr 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာဓမ္မရိပ်သာ၌ ကျင်းပသော သတ္တမအကြိမ်မြောက် မဟာသတိပဋ္ဌာန်း မိုးကုတ်ဝိပဿနာ (၅)ရက် တရားစခန်းပိတ်သိမ်းပွဲကို ဧပြီလ ၁၈ ရက်နေ့ နံနက် ၇ နာရီအချိန်က အဆိုပါ ရိပ်သာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ရန်ပုံနှစ်ကျေးရွာတွင် ခရမ်းချဉ်စိုက်ပျိုးသူများ ဈေးကောင်းရသဖြင့် အဆင်ပြေ
Apr 20,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ  တောင်သူများသည် ဆန်စပါးကို အဓိကထား စိုက်ပျိုးကြသော်လည်း စီးပွားရေးတွက်ခြေကိုက်မည့် သီးနှံများကို ပြောင်းလဲစိုက်ပျိုးလျှက်ရှိရာ ရန်ပုံနှစ် ကျေးရွာတွင် ပံတံဆိပ်တစ်သုံးလုံး ခရမ်းချဉ်သီးစိုက်ပျိုးသူများ ဈေးကောင်းရသဖြင့်  အဆင်ပြေလျက် ရှိကြောင်း ခရမ်းချဉ်စိုက်တောင်သူများထံမှ သိရှိရသည်။
ညောင်တုန်းမြို့နယ်တွင် မြို့အဆင့် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကျင်းပ
Apr 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်  စီမံကိန်းလုပ်ငန်းတို့မှ သက်ဆိုင်သူအားလုံးပါဝင်သော မြို့အဆင့် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။