ရမည်းသင်း ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ကျောင်းသား၊ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်စေရန် နွေရာသီ ကျောင်းပိတ်ရက် အခမဲ့ မော်ဒန်ပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉နာရီက ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက နွေရာသီ ကျောင်းပိတ်ရက် ကျောင်းသားလူငယ်များ အကျိုးရှိစေရန် ပန်းချီသင်တန်းဖွင်လှစ်ရခြင်းကို ရှင်းလင်းပြောကြားပြီး သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ရမည်းသင်းမြို့ ပန်းချီဆရာ ဦးအောင်စိုးက ပန်းချီအခြေခံ မျဉ်းဖြောင့်၊ မျဉ်းကွေးကို ရှင်းလင်းပြောကြားကာ စာတွေ့၊လက်တွေ့ရေးဆွဲနည်း ပထမနေ့ကို သင်ကြားပို့ချလျက်ရှိပြီး အရောင်ကာလာများအကြောင်းနှင့် အလင်းအမှောင်နှင့် မော်ဒန်ပန်းချီရေးဆွဲခြင်းတို့ကို သိရှိစေရန် နေ့စဉ်နံနက် ၉ နာရီမှ ၁၀ နာရီခွဲထိ (၁၄)ရက် သင်ကြားပို့ချမည်ဖြစ်ရာ သင်တန်းကို သင်တန်းသား၊သင်တန်း(၃၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သတင်းရသည်။
ဇော်ဝင်းအောင်(ပြန်/ဆက်)