သတင်းများ

မိုင်းခုတ်မြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Apr 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယုမြို့၌ သုံးနှစ်တစ်ကြိမ် ရိုးရာဓလေ့လှေလှော်ပြိုင်ပွဲ ဧပြီ ၂၉ ရက်နေ့မှ မေလ ၁ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဟု ခန့်မှန်းထား
Apr 20,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် လှေပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ ကြီးမှူးကျင်းပသည့် သုံးနှစ်တစ်ကြိမ် ရိုးရာဓလေ့လှေလှော်ပြိုင်ပွဲကိ ဧပြီ ၂၉ ရက်နေ့မှ  မေလ ၁ ရက်နေ့ထိ သုံးရက်တိုင်တိုင် အဆိုပါမြို့၏ နမ့်လွေချောင်း သဲသောင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဟု ခန့်မှန်းထားကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
ထားဝယ်မြို့တွင် ရေအခက်အခဲကြုံတွေ့နေရသော ကျေးရွာအချို့အား ရေလှူဒါန်းပေးလျက်ရှိ
Apr 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ရေအခက်အခဲကြုံတွေ့နေရသော ကနိုင်းဒါကျေးရွာနှင့် ယွန်းဘုရားကျောင်းတို့အား ယမန်နေ့နံနက်ပိုင်းတွင် ထားဝယ်လူမျိုးစုစည်းမှုကော်မတီဗဟိုက အိမ်တိုင်ရာရောက်သွားရောက်၍ လှည့်လည်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့ ရွှေစင်မင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ သွားရောက်၍ နယ်လှည့်ကွင်းဆင်းမှုများ ဆောင်ရွက်
Apr 20,2023
ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရွှေလှေကား စာပေဂီတ၊ အထွေထွေဗဟုသုတ ပြန့်ပွားရေးကွန်ရက်တို့ ပူးပေါင်းကာ  မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁)ရှိ  ရွှေစင်မင်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ သို့ ယနေ့နံနက်ပိုင်းက သွားရောက်ကာ နယ်လှည့်ကွင်းဆင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်းပေး
Apr 20,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်အောင်မြင်ရပ်ကွက်သို့ သွားရောက်ပြီး ရပ်ကွက်နေစာဖတ်ပရိသတ် ပြည်သူများအား စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၃) အစည်းအဝေးသို့တက်ရောက်
Apr 20,2023
မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၃) ကို ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲ ၁  နာရီက  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ နာနတ်ပင်စိုက်ပျိုးနည်း သိကောင်းစရာခေါင်းစဉ်ဖြင့် Talk Show ပြုလုပ်
Apr 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်နေပြည်သူများ ဗဟုသုတတိုးပွားရရှိ‌ စေရေးရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းတွင်လည်း သီးပင်စားပင် စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ “နာနတ်ပင် စိုက်ပျိုးနည်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် Talk Show အစီအစဉ်လေးကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ပေးခဲ့သည်။