ဟိုပန်၌ ရေရှားပါးသည့် ရပ်ကွက်များသို့ မီးသတ်ကားဖြင့် ရေလှူဒါန်း

ဟိုပန် ဧပြီ ၂၀

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ရေရှားပါးသည့် ရပ်ကွက်များသို့ ရေလှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မိန်းပန်း “ဝ” ရပ်ကွက်တွင် ပြုလုပ်ခဲ့ပါသည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအမံဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သောအဖွဲ့သည် မီးသတ်ကားဖြင့် ရေဂါလံ(၄၀၀၀)ကို မိန်းပန်း“ဝ” ရပ်ကွက်ရှိ အများသုံးရေကန်သို့ ရေဖြည့်ပေးခြင်း၊ ရေလာခပ်သူများအား ကူညီဆောင်ရွက်ပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပါသည်။

အဆိုပါ ရေလှူဒါန်းရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှုပြီး ရေရှားပါးသည့် ရပ်ကွက်များသို့ အပတ်စဉ် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်