ကျောက်မဲ ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲမြို့တွင်အိမ် ထောင်စုလူဦးရေစာရင်းမြေပြင် ကွင်းဆင်းစာရင်းကောက်ယူမှုများကို ယမန်နေ့ မွန်းလွဲ ၂ နာရီကစ၍ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄) ရပ်ကွက်၊ အမှတ်(၉) ရပ်ကွက်နှင့် အခြားရပ်ကွက်များသို့ မြေပြင်တစ်အိမ်တစ်ဆင်း အိမ်ထောင်စု လူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနေမှုများကို လိုက်လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့မှ စာရင်းကောက်ယူနေမှု များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်နှင့် ကျောက်မဲမြို့ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများကိုလည်းဆက်လက် ကောက်ယူသွားမည်ဖြစ် ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)