မင်းလှမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းမြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းဆောင်ရွက်

အထက်မင်းလှ  ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့နံနက်က မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ စတင်ကောက်ယူလျက်ရှိသည်။

မင်းလှမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၃)စုရှိပြီး၊ ကောက်ကွက်ပေါင်း (၁၀၆)ကွက်တွင် (Working Group)မြေပြင်တစ်အိမ်တက်ဆင်းစာရင်းကောက်ယူရေးကို အဖွဲ့ပေါင်း(၁၀၆)ဖွဲ့က ဇန်နဝါရီ ()ရက်မှ(၃၁)ရက်နေ့အထိ အပြီးသတ်ကောက်ယူသွားမည်ဖြစ်သည်။

မင်းလှမြို့နယ်၌ မြေပြင် ကွင်းဆင်းစာရင်းကောက်ယူမည့် အိမ်ထောင်စုပေါင်း(၃၀၃၆၇)ရှိရာ ဇန်နဝါရီ ၉ ရက်နေ့အထိ ကောက်ယူပြီးသည့် အိမ်ထောင်စုပေါင်း(၉၈၄၉) ကောက်ယူပြီးဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

အဆိုပါ(Working Group ) မြေပြင်တစ်အိမ်တက်ဆင်းစာရင်းကောက်ယူရေး ဆောင်ရွက်ရာသို့ မြို့နယ် မြေပြင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ(ရပ်ကွက်/ကျေးရွာ)စာရင်းကောက်ယူရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)