မင်းလှမြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်အောက်အရွယ် ကျောင်းသား/ကျောင်းသူများအား (တတိယအကြိမ်) ကိုဗစ်ကာကွယ်ဆေးထိုးနှံ

မင်းလှ ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အသက်(၅)နှစ်မှ (၁၂)နှစ်အောက်အရွယ် ကျောင်းသား/ ကျောင်းသူ ကလေးငယ်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (တတိယအကြိမ်) ထိုးနှံပေးခြင်းကို ယမန်နေ့မှစတင်၍  ထိုးနှံပေးလျက် ရှိသည်။

ဆေးထိုးနှံခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါ်တာလှဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှုး၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ ပူး‌ပေါင်း‌ကာ ဆေးထိုးစုရပ်နေရာများဖြစ်သည့် အခြေခံပညာကျောင်းများတွင် ကျောင်းခွဲများအလိုက် ကာကွယ်ဆေးထိုးနှံပေးလျက် ရှိ‌သည်။

မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၁၅၅)ကျောင်းနှင့် ဘ/က(၄)ကျောင်း စုစုပေါင်း (၁၅၉) ကျောင်းမှ အသက်(၅)နှစ်မှ (၁၂)နှစ်အောက်အရွယ် ဆေးထိုးနှံရန်အကျုံးဝင်သည့် ကျောင်းသား/ကျောင်းသူဦးရေ(၁၁၅၈၂)ဦးရှိပြီး သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့် ထိုးနှံနိုင်‌ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါက်စ(မင်းလှ)