ကော့ာကရိတ် ဇန်နဝါရီ ၁၀
ကရင်ပြည်နယ်၊ ကော့ာကရိတ်မြို့ အမက(၅)အခြေခံ ပညာမူလတန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ပညာပန်းခင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး အမက(၅)ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုထွေးက အဖွင့်အမှာစကားပြောကြားရာတွင်ပညာရေးစုံညီပွဲတော်ကိုကျင်းပပြုလုပ်ပေးနိုင်ခြင်းသည် ဆရာ၊ မိဘ၊ ကျောင်းသားများပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျောင်းသားများ ကျောင်းစာအပြင် စာပေ၊ အားကစား ဘတ်စုံထူးချွန်ရေးလိုအပ်ပါကြောင်း၊ ကျောင်းသား၊ ဆရာ၊မိဘပေါင်းစပ်ကြိုးစား ဆောင်ရွက်ခြင်းဖြင့် အနာဂတ် မျိုးဆက်သစ်များစွာ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ယခုလိုအစဉ်အလာမပျက် ဝိုင်းဝန်းပူးပေါင်း ကြိုးစားဆောင် ရွက်သွားကြသော ဆရာမိဘကျောင်းသားများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး ကျောင်းအကျိုး ဆောင်အဖွဲ့မှထောက်ပံ့မှု ထိန်းသိမ်းရေးမှူး ဦးအောင်လင်းမှ အကြံပေးစကား ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသညွ့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီးများ၊ တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေး စုံညီပွဲတော်တွင် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ အထွေထွေဗဟုသုတပြိုင်ပွဲ အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား အသီးသီးဆုများချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော် အကများဖြင့် ကပြ၊ သီဆို ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)