စဉ့်ကူးမြို့ ရွှေကူကြီးအခြေခံပညာမူလတန်းလွန်ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော် ကျင်းပ

စဉ့်ကူး   ဇန်နဝါရီ     ၁၀

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ရွှေကူကြီးအခြေခံပညာမူလတန်းလွန်ကျောင်း၌ ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ အခြေခံပညာမူလတန်းလွန်ကျောင်း (ရွှေကူကြီး)မှ ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညိုတူးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အခြေခံပညာမူလတန်း လွန်ကျောင်း (ရွှေကူကြီး)မှ အလယ်တန်းပြဆရာမ ဒေါ်နှင်းယုလွင်က စုံညီပွဲတော်ကျင်းပရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ အငြိမ်းစားကျောင်းဆရာမကြီး ဒေါ်မူမူက ကျေးဇူးတင် စကားပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်သူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြသည်။ ထို့နောက်တေးနုယဉ် တီးဝိုင်း အဖွဲ့မှ ဦးသန်းဇော်လတ်က “စဉ့်ကူးမင်းခေါင်းလောင်းတော်” သီချင်းဖြင့် သီဆိုဖျော်ဖြေပေး ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)