ကံမမြို့ အခြေခံပညာအထက်တန်းကျောင်း(ကံမ)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ကံမ ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ကံမ)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ပညာရေးစုံညီပွဲတော်   အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက    အဆိုပါကျောင်း၏ မြဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး တာဝန်ခံ မြို့နယ်ပညာရေးမှူး  ဦးမျိုးသူရအောင်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်နွယ်တို့က  ပညာရေးဆိုင်ရာများအား ဆွေးနွေးပြောကြားပြီးနောက် တိုင်းဒေသကြီးအဆင့် ခရိုင်အဆင့် မြို့နယ်အဆင့်တို့တွင်  ကာယ၊ ဉာဏ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူ အသီးသီးက ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး  ကျောင်းသား၊ ကျောင်းသူလေးများက  အကအလှများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)