မိုင်းခတ်မြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) စာစီစာကုံး၊ ပန်းချီ၊ ကဗျာနှင့်‌ ဆောင်းပါးပြိုင်ပွဲများ ကျင်းပ

မိုင်းခတ် ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်)တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံး၊ ပန်းချီ၊ ကဗျာနှင့်‌ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စွမ်းရည်ပြိုင်ပွဲများတွင် ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် စာစီစာကုံးရေးသားခြင်း၊ ဆောင်းပါးနှင့် ကဗျာစပ်ဆို ရေးသားခြင်းတို့ကို ကျင်းပပြုလုပ်ခဲ့ပြီး ယင်းပြိုင်ပွဲများသို့ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ကြရာ စာစီစာကုံးပြိုင်ပွဲတွင် (၁၇)ဦး၊ ကဗျာရေးစပ်နည်း ပြိုင်ပွဲတွင်(၂၈)ဦး၊ ပန်းချီရေးဆွဲနည်းပြိုင်ပွဲတွင် ၁၇)ဦး၊ ဆောင်းပါးပြိုင်ပွဲတွင်(၄)ဦး၊ စုစုပေါင်း(၆၆)ဦးတို့ ပါဝင်ယဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)