ဆွမ်ပရာဘွမ် ဇန်နဝါရီ ၁၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးမှုကို ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ စတင်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ လုပ်ငန်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ ဆရာ၊ ဆရာမများပါဝင်သည့် စာရင်းကောက်ယူရေးအဖွဲ့ (၁၂) ဖွဲ့ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် သတ်မှတ်ပုံစံများဖြင့် မြေပြင်ရှိလူဦးရေစာရင်းများကို လိုက်လံကောက်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြေပြင်ကွင်းဆင်းလူဦးရေစာရင်း ကောက်ယူရာနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များက ရပ်ကွက်အလိုက်ကြီးကြပ်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
April moe(ဆွမ်ပရာဘွမ်)