တွန်းဇံမြို့၌လူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးလုပ်ငန်း စတင်ဆောင်ရွက်

တွန်းဇံ ဇန်နဝါရီ ၁၀

ချင်းပြည်နယ် တွန်းဇံမြို့တွင် မြို့ပေါ်ရပ်ကွက်၊ ခေါ်လိုင်ဂိုးဇန်နှင့် ခေါဝုန်လေးဆန်ရပ်ကွက်ရှိ လူဦးရေစာရင်းများအား မြေပြင်လူဦးရေစာရင်း တစ်အိမ်တက်ဆင်း ကောက်ယူရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်ဆောင်ရွက်သည်။

 အဆိုပါ လူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်း ကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများက အဖွဲ့ (၂) ဖွဲခွဲ၍ လူဦးရေစာရင်းကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)