သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေး ကျင်းပ

သာပေါင်း ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းတွင် ကျင်းပကြသည်။

မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ နေကြာစိုက်ပျိုးရေး လျာထားဧကပြည့်မီရေး ကွင်းဆင်းဆောင်ရွက်ရန်၊ နိုင်ငံစီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး၊ ပဲတီစိမ်းစိုက်တောင်သူများ သွင်းအားစုများစာချုပ်ချုပ်ဆိုရန် ကျန်ရှိသူများအား စည်းရုံးဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း (ပြန်/ဆက်)