ကလောမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

ကလော ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကလောမြို့အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို “စုံညီပွဲတော်တို့နွဲပျော်”သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး စစ်ဦးစီးတက္ကသိုလ်နည်းပြအရာရှိချုပ် ဗိုလ်မှူးချုပ် ကျော်မြဝင်း ကအဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ပြီး တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ် ဆက်လျက်ကျင်းပခဲ့ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ စစ်ဦးစီးတက္ကသိုလ်နည်းပြအရာရှိ၊ ကလောခရိုင်စံမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကျောင်းသားမိဘဆရာအသင်းနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စာပေထူးချွန်ဆု၊ ဘက်စုံဖွံ့ဖြိုးရေးဆု၊ စွမ်းရည်နှင့်လူရည်ချွန်ဆု၊ ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၄၇ ဦးတို့ကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)