ကြံခင်း ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိကျမှန်ကန်စွာရရှိစေရေး တိုက်ဆိုင်စစ်ဆေး ကောက်ယူရေး (Working Group) လုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်ပြီး မြို့ပေါ်ရပ်ကွက် (၅)ခုနှင့် ကျေးရွာအုပ်စု (၃၀)တို့တွင် စတင်ဆောင်ရွက်ကြသည်။
ထိုသို့ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်လူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များက သတ်မှတ်ကာလအတွင်း ပြီးစီးစွာကောက်ယူနိုင်ရေး၊ အချက်အလက်စာရင်းများ ပြည့်စုံမှုရှိရန် မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး (Working Group)အဖွဲ့များကောက်ယူသော ကောက်ကွက်နေရာများသို့ လိုက်လံကြည့်ရှုပြီး လိုအပ်ချက်များကို ပေါင်းစပ်ပေးသည်။
ကြံခင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၃၅)စုရှိအိမ်ထောင်စု (၃၁၅၇၀)စုအား (Working Group) အဖွဲ့ (၅၆)ဖွဲ့ဖြင့် ကောက်ကွက်(၅၆)ကွက်အား တစ်အိမ် တက်ဆင်း ကောက်ယူကြကြောင်းနှင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး (Working Group) လုပ်ငန်းကို ဇန်နဝါရီလ( ၉ရက်နေ့ မှ ၃၁)ရက်နေ့အထိ လုပ်ငန်းများ အောင်မြင်ရေး၊ မြေပြင်စာရင်း မှန်ကန်စွာရရှိစေရေးအတွက် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြို့နယ်လူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)