ငါန်းဇွန်မြို့နယ်၌ လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်

ငါန်းဇွန် ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ်၌ လူဦးရေးစာရင်းမှန်ကန်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ယမန် နေ့ နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ငါန်းဇွန်မြို့နယ် အမှတ်(၂)ရပ်ကွက်၌ မြို့နယ်မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္က ဦးမျိုးမင်းသိန်းနှင့် ကော်မတီဝင်များက ရပ်ကွက်/ကျေးရွာ ကြီးကြပ်ရေးအဖွဲ့များ၏ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စစ်ဆေးနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)