ရမ်းဗြဲမြို့၌ စာပေချစ်မြတ်နိုးသူများထံသို့ လက်ဝယ်အရောက်  Mobile စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်း ဆောင်ရွက်

ရမ်းဗြဲ  ဇန်နဝါရီ ၁၀

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊  စာပေချစ်မြတ်နိုးသူပြည်သူများသို့  ဗဟုသုတ ရရှိစေမည့်  စာအုပ်စာစောင်များကို အလွယ်တကူ ဖတ်ရှုနိုင်ရန်အတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီက  သ/မ ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာများသို့ သွားရောက်ပြီး အခမဲ့ ငှားရမ်းပေးကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက   စာကြည့်တိုက်သို့ မလာရောက်နိုင်ကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူပြည်သူများအတွက် သုတ/ရသ၊  မဂ္ဂဇင်းနှင့် ဝတ္ထု စာအုပ်စာစောင်များကို ယူဆောင်လျက် ငှားရမ်းပေးခဲ့ကြရာ သ/မဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများကလည်း ကြိုက်နှစ်သက်ရာ သုတ/ရသမဂ္ဂဇင်း စာအုပ်စာစောင်များကို  ဖတ်ရှုရန်အတွက်  အားရဝမ်းသာ ငှားရမ်းခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များကို Mobile စနစ်ဖြင့် ငှားပေးခြင်းကို ဌာနဆိုင်ရာ ဝန်ထမ်းများသာမက   ပြည်သူများ အလွယ်တကူ ဖတ်ရှုနိုင်ကြရန်အတွက်  အိမ်တိုင်ရာရောက် စနစ်ဖြင့်လည်း  အခမဲ့ ငှားရမ်းပေးခြင်းနှင့်  လူငယ်များအတွက်  ကာယ၊ ဉာဏ၊ စာရိတ္တများဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ပြပွဲ ပြိုင်ပွဲများ ဟောပြောပွဲများကို ကျင်းပပေးလျက်ရှိကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)