ကြို့ပင်ကောက် ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မြို့မစည်ပင်သာယာဈေးတွင် တရားမဝင်အိမ်သုံးဆေးဝါး အတုများနှင့် Very good အမှတ်တံဆိပ်ကော်ဖီမစ်များ ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့မစည်ပင်သာယာဈေး တာဝန်ခံတို့က ယနေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်သူနာပြုအဆင့်(၁)ဦးအေးနိုင်နှင့် ဝန်ထမ်းများ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်နှင့် မြို့မစည်ပင်သာယာဈေး တာဝန်ခံတို့က ပူးပေါင်း၍ ဆေးဝါးရောင်းချသောဆိုင်များတွင် တရားမဝင် အိမ်သုံးဆေးဝါး Paracetamol 500g သောက်ဆေးထိုးဆေးတို့ ရောင်းချခြင်း ရှိ၊မရှိနှင့် စားသောက်ကုန်ရောင်းချသော ဆိုင်များတွင် Very good အမှတ်တံဆိပ် ကော်ဖီမစ်ရောင်းချခြင်း ရှိ၊မရှိတို့ကို စစ်ဆေး၍ရောင်းချသော ဆိုင်ပိုင်ရှင်များအား တရားမဝင်ကုန်စည်များ ရောင်းချခြင်းမပြုရန်နှင့် ကုန်အမှတ်တံဆိပ် အတုအစစ် ခွဲခြားခြင်းတို့ကို လက်တွေ့သရုပ်ပြ အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)