သံဖြူဇရပ်မြို့နယ်၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်များ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

သံဖြူဇရပ် ဇန်နဝါရီ ၁၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသော မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် မူလတန်းကြို ကျောင်းမှရင်သွေးငယ်များ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်မိခင်နဲ့ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမာက ပြိုင်ပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်က ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲအမျိုးအစားများနှင့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်း ပိုင်မူလတန်းကြိုကျောင်း(၁၃)ကျောင်း၊ ပြင်ပမူလတန်းကြိုကျောင်း (၃)ကျောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း (၄)ကျောင်း၊ စုစုပေါင်း မူလတန်းကြိုကျောင်း(၂၀) မှ ရင်သွေးငယ်များ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။

အေးအေးသီး(ပြန်/ ဆက်)