ကလောမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အပ်ချုပ်စက်သင်တန်း ဖွင့်လှစ်

ကလော ဇန်နဝါရီ ၁၀

ကျေးလက်နေ တိုင်းရင်းသူလေးများအား အသက်မွေးဝမ်းကျောင်းအထောက် အကူပြု ပညာရပ်များ သင်ကြားတတ်မြောက်ပြီး မိမိတို့ ရပ်ရွာဒေသအတွင်း တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်များ ဆောင်ရွက်ခြင်းဖြင့် မိသာစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောခရိုင်၊ ကလောမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အပ်ချုပ်စက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန် က နန်းတိုင်းကျေးရွာအုပ်စု၊စျေးကုန်းရွာမ ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလောခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ဇော်လင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က  သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကလောခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းတွင် နန်းတိုင်းကျေးရွာအုပ်စုအတွင်းရှိ ဈေးကုန်း၊ ရွာတော်၊ ဆောင်းပွက်၊ ဟင်းခါးကုန်း၊ ဘော်နင်းကုန်းကျေးရွာနေ ဒေသခံသင်တန်းသား(၂၀)ဦးတို့ကို သင်တန်းကာလ (၁)လကြာ စာတွေ့၊ လက်တွေ့ အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)