ငါန်းဇွန် ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ အခြေခံပညာကျောင်းသားကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကာကွယ်ဆေး ထိုးကွင်းဆင်းအဖွဲ့များက ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster dose) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာတွင် ငါန်းဇွန်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ ယမန်နေ့က(၁၅၃)ဦးထိုးနှံပေးခဲ့ပြီး ယနေ့တွင် (၂၄၅)ဦး ထိုးနှံပေးခဲ့ရာ စုစုပေါင်း ကျောင်းသားကျောင်းသူ (၃၉၅)ဦးထိုးနှံပြီးဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း ကျန်ရှိနေသည့် ကျောင်းသားကျောင်းသူများအား သက်ဆိုင်ရာအခြေခံပညာကျောင်းများအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)