လပွတ္တာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

လပွတ္တာ ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က အမှာစကားပြောကြားရာတွင် သတင်းများ မပေါက်ကြားရေး၊ မသင်္ကာသူများအား စစ်ဆေးရေး၊ မီးဘေးအန္တရာယ်ကျရောက်မှုမရှိစေရေး၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းရေး၊ အိမ်ခြံမြေအကျိုးတော်ဆောင်အဖွဲ့ ဖွဲ့စည်းရေး၊ မြေလွှဲအမှုတွဲများ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ နွေစပါး၊ ပဲတီစိမ်းနှင့် နေကြာစိုက်ဧက ပြည့်မီစိုက်ပျိုးရေး၊ မြေပြင် ကွင်းဆင်း သန်းခေါင်စာရင်းကောက်ယူမှုအား စနစ်တကျရှိစေရေး စသည့်တို့ကို ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းအသီးသီး ရှင်းလင်းတင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)