လပွတ္တာမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ

လပွတ္တာ ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မြို့နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ ယမန်နေ့ နံနက်ပိုင်းတွင် လပွတ္တာမြို့နယ်မှ ကျေးရွာများအရောက် ရပ်ကွက်/ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မူကော်မတီဝင်များ လူမူရေးအသင်းအဖွဲ့များမှ အိမ်ထောင်စု စာရင်းကောက်ယူခြင်းကို ပထမနေ့အဖြစ် တစ်ချိန်တည်း ကောက်ယူခဲ့ကြသည်။

အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများတိကျ မှန်ကန်စေရေး တစ်အိမ်တက်ဆင်း အိမ်ထောင်စုလူဦးရေတိုက်ဆိုင် စစ်ဆေးစာရင်းကောက်ယူရေး (Working Group) လုပ်ငန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်လူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသူရနှင့် အဖွဲ့ဝင်များက သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ကောက်ယူ နိုင်ရန်နှင့် စာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်စေရန်အတွက် မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့များအား လိုက်လံကြည့်ရှုအားပေး၍ လိုအပ်ချက်များကို ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့သည်။

လပွတ္တာမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းများ ကောက်ယူနိုင်ရေးအတွက် ကောက်ကွက် (၁၅၃)ကွက်သတ်မှတ်ထားကြောင်း မြေပြင်စာရင်း ကောက်ယူခြင်းအား ဇန်နဝါရီလ(၉)ရက်နေ့မှ စတင်၍ရက်(၂၀)ကြာ ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။

လပွတ္တာခရိုင် ပြန်/ဆက်