အခြေခံပညာမူလတန်းကျောင်း၊ ရေတံခွန်(တောင်ပိုင်း)ကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ

ငါးသိုင်းချောင်း ဇန်နဝါရီ ၁၀

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ အခြေခံပညာမူလတန်းကျောင်း၊ ရေတံခွန်(တောင်ပိုင်း)ကျောင်း၌ ဆုချီးမြှင့်ပွဲ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးအိချိုက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းအကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသားမိဘများက ဆုလက်မှတ်/ဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။

ဆက်လက်၍(KG)မှ (Grade-5)အထိ အတန်းအသီးသီးတွင် အာဟာရမုန့်များ ဖလှယ်စားသောက်သည့် ဈေးရောင်းပွဲတော်ကိုလည်း စည်ကားသိုက်မြိုက် ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ အဆိုပါပညာရေးစုံညီပွဲတော်သို့ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘများ စုစုပေါင်းအင်အား(၆၀၀)ခန့်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

မြို့နယ် း(ပြန်/ဆက်)