ရှင်ဗွေယန ဇန်နဝါရီ ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် (၂ဝ၂၂-၂ဝ၂၃) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝနာရီတွင် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့အထွေထွေအုပ်ချုပ်ရေးမှူး ဦးလွင်ဦးမှ ပညာဂုဏ်ရည်ခေါင်းစဉ်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် Grade-10 ကျောင်းသား/သူ များက “ပညာရေးစုံညီပွဲတော်” သီချင်းကိုသီဆိုကာ အခမ်းအနားကိုစတင်ခဲ့သည်။ ၂ဝ၂၁ ခုနှစ်တွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသူ/သားများနှင့် (၂ဝ၂၁-၂ဝ၂၂) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား/သားများအား ဆုတံဆိပ် များကို ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ညိုနှင့် ကျောင်းအကျိုးတော်ဆောင်များမှ အသီးသီးပေးအပ်ချီးမြှင့် ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းအကျိုးတော်ဆောင်များအပါအဝင် ရပ်မိ/ရပ်ဖ မိဘများလည်း တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
Rနိုင်