ဝါးခယ်မမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ဝါးခယ်မ   ဇန်နဝါရီ  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က (၁) ဒေါ်ပိုက်မိခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှအဖွင့်အမှာစကားပြောကြားခြင်း၊ ပညာရေးမျှော်မှန်းချက်နှင့် ပတ်သက်သည့်အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ ပညာသင်ကြားနေသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအားဆွေးနွေးခြင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကာယ၊ ဉာဏ ပြိုင်ပွဲများတွင်ဗဟိုအဆင့်၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း ဝါးခယ်မ (ပြန်/ဆက်)