ပြည် ဇန်နဝါရီ ၁၁
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်မြို့နယ် (မြို့နယ်အဆင့်) ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉နာရီအချိန် က ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သိရီရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားကို ရှေးဦးစွာ အထက-(၁) ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်း က အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် ပြည်ခရိုင် ပညာရေးမှူး ဒေါ်စန်းစန်းဝင်း က အမှာစကားပြောကြားပြီး ပြည်မြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်နော်အေးမေ က စုံညီပွဲတော်ကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆုချီးမြင့်ပွဲကို ကျင်းပပြုလုပ်ရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြင့်ကြပြီး (၂၃)ကြိမ်မြောက် ဆို၊က၊ရေး၊တီး ပြိုင်ပွဲ တိုင်းအဆင့်ဆုရရှိသူများနှင့် ပြည်မြို့နယ်၏ လူရည်ချွန်ပဏာမ ရွေးချယ်ခံရများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြင့်ခဲ့ကြသည်။
ထို့နောက် အထက(၁) ကျောင်းသူလေးများက ကဗျာလွတ်အကဖြင့် ကပြဖျော်ဖြေကြပြီး စာပေနှင့်ကာယညဏစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေအပ်ချီးမြင့်ခဲ့ကြောင်း သိရသည်။
ကိုစိုး(ပြည်)