ရသေ့တောင် ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူ ကျောင်းသူများနှင့် ယနေ့နေ့လည်ပိုင်းက စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားသည့် လူငယ်နှင့်အကောင်းဆုံးသော ဘဝကို တည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက စာပေချစ်မြတ်နိုးသူ ညီမငယ်များအား အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရေး၊ အလိမ္မာစာမှာရှိဆိုသည့် ဆိုရိုးစကားအတိုင်း စာဖတ်ခြင်း၏ အကျိုးတို့ကို သိရှိနားလည်စေရန် ရည်ရွယ်၍ ယခုလို စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ စာပေချစ်မြတ်နိုးသူများဖြစ်ကြသည့် မခင်မိုးနွယ်က မှားမှာကိုမကြောက်ပါနဲ့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသူဇာအေးမှ။ ရှက်စိတ်၊ ကြောက်စိတ်နဲ့ အောင်စိတ် ခေါင်းစဉ်ဖြင့်လည်းကောင်း မသက်ထားမေက အလှအပဖြင့် ဝင့်ကြွားခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ဖတ်ကြားဆွေးနွေးချက်များအပေါ် ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက လူငယ်နှင့်အကောင်းဆုံးသော ဘဝကို တည်ဆောက်ခြင်း စိတ်ဓာတ်ကောင်းများ တည်ကြည်ခိုင်မာသူအား မည်သို့သော လောကဓံတရားမျှ ထိပါးနှိပ်စက်ခြင်းမရှိနိုင်ကြောင်း ထပ်ဆင့်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)