အမ်း ဇန်နဝါရီ ၁၁
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပညာရတနာခန်းမ ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းသားကျောင်းသူများက ဘက်စုံပညာကိုရည်တို့လှမ်းချီသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး အခြေခံပညာဦးစီးဌာနမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဉာဏ်မြင့်က ပညာရေး လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း၊ အထက(၁) ကျောင်းအုပ်ဆရာကြီးက ကျောင်းလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၏ သင်ကြားရေး ထူးချွန်ဆုနှင့် ပညာရည်ချွန်ဆု ရရှိသည့် ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ပြီး ကျောင်းသားကျောင်းသူများက အကအလှများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး အမ်းမြို့ လေယာဉ်ကွင်းရပ်ကွက် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌လည်း ပညာရေးစုံညီပွဲနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း (ပြန်/ဆက်)