မိုင်းယောင်း၌ စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှု စစ်ဆေး

မိုင်းယောင်း ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုနှင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိကို တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိုင်းယောင်းခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုကိုစုနှင့် တာဝန်ရှိသူများက သစ်လွင်မိုး(၂) စက်သုံးဆီဆိုင်နှင့် မြို့နယ်ရှိ စက်သုံးဆီဆိုင်များအား စက်သုံးဆီပြတ်လပ်မှု မရှိစေရေး၊ အကန့်အသတ်ဖြင့်ရောင်းချမှု ရှိ/မရှိ၊ ချိန်တွယ်မှန်ကန်မှု ရှိ/မရှိ၊ မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် စက်သုံးဆီသိုလှောင်ထားရှိမှုအခြေအနေများကို လိုက်လံစစ်ဆေးခဲ့သည်။

စိုင်းအောင်ဇော်လင်း