ပန်ဆိုင်း(ကြူကုတ်)မြို့တွင်  Working Group မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်

ပန်ဆိုင်း ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ Working Group မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများအသီးသီးသို့ တစ်ပြိုင်နက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါ (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနိုင်ရေး လုပ်ငန်းစဉ်တစ်ရပ်လုံး ပြီးမြောက်အောင်မြင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းမြတ်အောင်နှင့် အဖွဲ့ဝင်များ၊ စာရင်းကောက်ယူရေးအဖွဲ့များက လာမည့်အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းရလဒ် မှန်ကန်စေရေး=အတွက် ဖွဲ့စည်းထားရှိသည့် (Working Group)  မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မ တီဝင်များဖြင့်  ပန်ဆိုင်း(ကြူကုတ်) မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအသီးသီး၌ လူဦးရေဆိုင်ရာ စာရင်းအချက်အလက်များနှင့် မသန်စွမ်း(၅)မျိုး စာရင်းအား  တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခဲ့ကြသည်။

ပန်ဆိုင်း(ကြူကုတ်)မြို့နယ်တွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် Working Group မြေပြင် ကွင်းဆင်းစာရင်းကောက်ယူနေမှုများအား မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့နောက်ဆုံးထား၍  စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ 

 ပန်ဆိုင်း(ပြန်/ဆက်)