သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျော်)မျိုးစေ့ပေးအပ်ပွဲနှင့် လယ်မြေအတွင်း သစ်စိမ်းမြေသြဇာ ကျဲပက်စိုက်ပျိုးပေးခြင်းကျင်းပ
Jan 11,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊တမုတ်ဆိုးကျေးရွာအုပ်စု၊ တမုတ်ဆိုး ကျေးရွာကွင်းအမှတ်(၅၇၀-ခ)ရှိ နွေးစပါးစိုက်ပျိုးမည့် လယ်ဧကများအတွင်း အမရပူရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး ဦးစီးဌာနက ပိုက်ဆံလျော်မျိုးစေ့ပေးအပ်ခြင်းနှင့်လယ်မြေအတွင်းပိုက် ဆံလျော်ကျဲပက်စိုက်ပျိုးခြင်းကို ယမန်နေ့နံနက် ၉နာရီအချိန်ကအဆိုပါ ကွင်းရှင်းလင်းဆောင်တွင်ကျင်းပခဲ့ကြောင်း သိရသည်။