သတင်းများ

ဆဒုံးမြို့တွင် အိမ်ထောင်စုလူဦးရေတိုက်ဆိုင်စစ်ဆေးရေး စာရင်းကောက်ယူရေး (Working Group) လုပ်ငန်း ဆက်လက် ဆောင်ရွက်
Jan 11,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်​​၊ ဆဒုံးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်စေရေး တစ်အိမ်တက်ဆင်း အိမ်ထောင်စုလူဦးရေ တိုက်ဆိုင်စစ်ဆေး စာရင်းကောက်ယူရေး (Working Group) လုပ်ငန်းကို ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် တစ်အိမ်တက်ဆင်း လိုက်လံစာရင်းကောက်ယူခြင်းကို တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကောက်ကွက်များအလိုက် စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၂/၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနား ကျင်းပ
Jan 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အခြေခံပညာ ဦးစီးဌာနမှ ၂၀၂၂/၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားအား ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ငုဝါဆောင်ခန်းမ၌ ကျင်းပသည်။
ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး စစ်တွေမြို့ပေါ်၌ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တပြေးညီဖြစ်စေရေး ကွင်းဆင်းစစ်ဆေး
Jan 11,2023
ရခိုင်ပြည်နယ်အတွင်း လမ်းညွှန်းများ၊ လမ်းအမှတ် အသားများနှင့် အချက်ပြများ တပြေးညီဖြစ်စေရေးအတွက် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ ရဲမှူးကြီးသက်လွင်သည် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်၌ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများနေရာများ ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
ဒေးဒရဲမြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံ
Jan 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အခြေခံပညာဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေးများ ထပ်ဆောင်း ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီ ဦးတင်ဦးလွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ချီးမြှင့်ခဲ့ပြီးဖြစ်သည့် ဂုဏ်ထူးဆောင်ဘွဲ့များအား အဝေးရောက်လက်ခံယူသည့် ကာယကံရှင်၊ မိသားစုဝင်များထံသို့ လက်ရောက်ပေးအပ်
Jan 11,2023
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားများကို အောင်မြင်စွာကျင်းပကာ အခမ်းအနားတက်ရောက်လာသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံရရှိသည့် ဂုဏ်ထူးဆောင်ဘွဲ့များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုယ်တိုင်တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ပြီးဖြစ်သည်။
ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Jan 11,2023
တနင်္သာရီတိုင်းဒေသကြီး၊    ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်း ကျောင်း၌    ကျောင်းသား/သူများ၏    လူငယ်စကားဝိုင်းဆွေးနွေးပွဲကို   ယနေ့ နံနက်   ၉နာရီက ကျောင်းခန်းမ‌ဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Jan 11,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျိန္တလီမြို့ အ-ထ-က ကျောင်းနှင့် စည်ပင်ရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များမှအိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း ဆက်လက်ကောက်ယူ
Jan 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြေပြင် တစ်အိမ်တက်ဆင်းကွင်းဆင်း ကောက်ယူရေးအဖွဲ့ (Working Group) များမှ အိမ်ထောင်စု လူဦးရေစာရင်းမြေပြင်ကွင်းဆင်း ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း ၁၃ ရပ်ကွက်လုံးအား တစ်ပြိုင်နက် ကောက်ယူခဲ့သည်။