ဖလမ်းမြို့၌ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း စာရင်းစတင် ကောက်ယူလျက်ရှိ

ဖလမ်း ဇန်နဝါရီ ၁၁

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၉ ရက်၊ နံနက် ၉ နာရီအချိန်က ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်တွင် စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါတစ်အိမ်တက်ဆင်း မြေပြင်စာရင်းကောက်ယူခြင်းကို မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ဆင့်ပွားသင်တန်းတက်ရောက်ပြီး သူများက‌အဖွဲ့ (၇) ဖွဲ့ခွဲ၍စာရင်းကောက် ယူလျက်ရှိသည်။ တစ်အိမ်တက်ဆင်း မြေပြင်စာရင်းကောက်ယူ နေမှုအခြေအနေများကို ဖလမ်းခရိုင်မြေပြင်ကွင်းဆင်း စာရင်း‌ကောက်ယူ‌ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဝင်းဇော်လတ်၊ ခရိုင်လဝကဦးစီးမှူး ဦးရေချမ်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် မြေပြင်စာရင်းကောက်ယူရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဖလမ်းမြို့နယ်တွင် တစ်အိမ်တက်ဆင်း မြေပြင်စာရင်းကောက်ယူရေး လုပ်ငန်းများကို ကျင်မွာလ်ရပ်ကွက်၊ ဗလိုင်ရပ်ကွက်၊ ဖါရ်ထောက်ရပ်ကွက်၊ တလန်လိုရပ်ကွက်စသည့် မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်တွင် ဇန်နဝါရီလ (၃၀) ရက်နေ့ထိ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့များက တစ်အိမ်တက်ဆင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲမြင့်အောင်