ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

ဟိုပုံး ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးလုပ်ငန်း ကော်မတီနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူပေါင်းဖွင့်လှစ်သည့် အခြေခံမော်တော် ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး ရှမ်းပြည်နယ်၊ အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေး အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ မြန်မာနိုင်ငံတွင် ကလေးများအား အလုပ်သမားအဖြစ် ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုအပါအဝင် ကလေးအလုပ်သမားလျော့နည်းပပျောက်စေရေးတို့ကို ထိရောက်စွာ တားဆီးရန်နှင့် ကလေးအလုပ်သမားများကို အကာအကွယ်ပေးရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် သက်မွေးသင်တန်း(၆)မျိုးကို ဖွင့်လှစ်ပြီး သင်တန်းသား (၁၂၅)ဦးကို အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် သက်မွေးသင်တန်း(၇)မျိုးကို ဖွင့်လှစ်ပြီး သင်တန်းသား(၁၂၆)ဦးကို အသက် မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးပြီး အလုပ်အကိုင်များကို ရှာဖွေပေးခဲ့ကြောင်း၊ သင်တန်း သားများအနေဖြင့် သက်မွေးပညာရပ်သင်ယူခွင့်ရခြင်းကို ဂုဏ်ယူစရာ၊ မြတ်နိုးစရာ၊ တန်ဖိုးထား စရာကဲ့သို့မှတ်ယူကြရန်လိုအပ်ပါကြောင်း၊ သက်မွေးပညာသည် နိုင်ငံတိုးတက်ရန်အတွက် အဓိက မောင်းနှင်အားဖြစ်ပြီး နိုင်ငံတော်မှလည်း သက်မွေးပညာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် သက်မွေးပညာသင်တန်းကျောင်းများကို အားပေးထောက်ပံ့လျက်ရှိကြောင်း ပြောကြားသည်။ ထို့နောက်  ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက သင်တန်းတွင် ဆုရရှိသော သင်တန်းသားများကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့် ရှမ်းပြည်နယ်၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမော်တို့က သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ရှမ်းပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက သင်တန်းသား(၅)ဦးကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပစ္စည်းများကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်က သင်တန်းသား(၅)ဦးကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပစ္စည်းများကိုလည်းကောင်း၊ ရှမ်းပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမြင့်က သင်တန်းသား(၅)ဦးကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပစ္စည်းများလည်းကောင်း အသီးသီးပေးအပ်ခဲ့ ကြသည်။ အဆိုပါသင်တန်းကို ဒီဇင်ဘာလ(၁၂)ရက်နေ့မှ ဇန်နဝါရီလ(၁၁)ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)