ငါန်းဇွန် ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ်၌ လူဦးရေးစာရင်းမှန်ကန်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများကို တစ်အိမ်တက်ဆင်းကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငါန်းဇွန်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းသိန်းနှင့် ကော်မတီဝင်များက ရပ်ကွက်/ကျေးရွာ ကြီးကြပ်ရေးအဖွဲ့များ၏ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စစ်ဆေးနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရပ်ကွက်/ကျေးရွာများသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာ ကြီးကြပ်ရေးအဖွဲ့များက ဇန်နဝါရီလ (၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ လူနေအိမ်များတွင် အမှန်တကယ်နေထိုင်သော လူဦးရေစာရင်းကောက်ယူခြင်းများကို တစ်အိမ်တက်ဆင်းကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်နောင်ဦး