သီပေါမြို့ မီးသတ်ဦးစီးဌာန၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း ဖွင့်လှစ်

သီပေါ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ မီးသတ်ဦးစီးဌာန၌ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းကို ယမန်နေ့နံနက် (၉)နာရီက အဆိုပါ မြို့နယ်မီးသတ်စခန်း၌ စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့မှူး ဒေါ်နန်းခင်ညွန့်လူက သင်တန်းသားများအနေဖြင့် ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေများကို ရှေးဦးပြုစုသည့် နည်းစနစ်များဖြင့် စနစ်တကျ ပြုစုဆောင်ရွက် ပေးတတ်စေရန် စသည့် သင်တန်းဖွင့်လှစ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တပ်ဖွဲ့ဝင်များက သင်တန်းသား(၅၀)ဦးကို စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့မှ (၁၃)ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း  မြိုနယ်ကြက်ခြေနီအသင်းခွဲမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)