SUB SOILER ကိရိယာဖြင့် တောင်သူပညာပေးသရုပ်ပြပွဲ ကျင်းပ
Jan 12,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာရှိ လယ်ယာသုံး စက်ကိရိယာများ အသုံးပြု၍ ထွန်ယက်စိုက်ပျိုးရေးလုပ်ငန်များ ဆောင်ရွက်နေသည့် တောင်သူများအား ပုံမှန် အသုံးပြုနေကျဖြစ်သည့် လယ်ယာသုံး စက်ကိရိယာများအပြင် ခေတ်နှင့်အညီ ထွက်ပေါ်လာသည့် နည်းပညာအသစ် လယ်ယာသုံး စက်ကိရိယာများအား ရင်းနှီးကျွမ်းဝင် လာစေရန် ရည်ရွယ်၍ SUBSOILER ကိရိယာဖြင့် တောင်သူပညာပေး သရုပ်ပြပွဲကို ယမန်နေ့နံနက်က ကွင်းအမှတ် (၅၇၀-ခ)တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။