ဘုတ်ပြင်း ဇန်နဝါရီ ၁၂
ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ မော်တော်ကား၊ မော်တော်ဆိုင်ကယ်စီးနှင်းမောင်းနှင်သူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်အညီမောင်းနှင်နိုင်ရေး ပူးပေါင်းအဖွဲ့များဖြင့် အသိပညာပေးဆောင်ရွက်ခြင်း ယနေ့နံနက်က မြို့ပေါ်ရပ်ကွက်များနှင့် မြို့မဈေးကြီးလမ်းဆုံ၊ မြို့အဝင်အထွက်နေရာများတွင် အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်အဆင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ဘုတ်ပြင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း အဖွဲ့များက မော်တော်ကားမောင်းသူများ ထိုင်ခုံခါးပတ်တပ်ဆင်မောင်းနှင်မှု ရှိ၊ မရှိ၊ မော်တော်ဆိုင်ကယ်မောင်းနှင်စီးနင်းရာတွင် ဆိုင်ကယ်ဦးထုပ်စနစ်တကျဆောင်းရန်၊ မော်တောဆိုင်ကယ်တွင် ကန့်သတ်ထားသည့် လူဦးရေသတ်မှတ်ဦးရေဖြင့်စီးနင်းကြရန်နှင့် ယာဉ်မောင်းသူများအနေဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်အညီ မောင်းနှင်အသုံးပြုနိုင်ရန်သိရှိလိုက်နာစေရေး အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)