ကော့သောင်း ဇန်နဝါရီ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းကို ဇန်နဝါရီ ၉ ရက်နေ့မှ စတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအသီးသီးတို့တွင် စာရင်း ကောက်ယူလျက်ရှိရာ ယနေ့နံနက်တွင် အေးရိပ်ငြိမ်ရပ်ကွက်၌ စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ (Working Group)မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းစဉ် တစ်ရပ်လုံး ပြီးမြောက်အောင်မြင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများနှင့် ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့တို့က လာမည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းရလဒ် မှန်ကန်စေရေးအတွက် ကော့သောင်းခရိုင်ရှိ ရပ်ကွက်(၁၀)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၏ လူဦးရေဆိုင်ရာ စာရင်းအချက်အလက်များနှင့် မသန်စွမ်း (၅) မျိုး စာရင်းအား ဇန်နဝါရီလ(၉) ရက်နေ့မှ (၃၁)ရက်နေ့အထိ တစ်အိမ်ဆင်း ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)