ညောင်ဦး ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး)ရှိ ပန်းမျိုးတစ်ရာခန်းမကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး) ကျောင်းသား/သူများမှ စုံညီပွဲတော် ဒို့နွှဲပျော် သီချင်းဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အား သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်သည်။ ပြီးနောက် ညောင်ဦးမြို့နယ်၊ ပညာရေးမှူး ဒေါ်သန်းသန်းအေးမှ အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်အဆင့်လူရည်ချွန် ရရှိသော ကျောင်းသားကျောင်းသူများကို ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ စီမံအဖွဲ့ဝင် ဦးဆန်းထွန်းတို့က ဆုများ ချီးမြှင့်ပေးအပ်သည်။ဆက်လက်၍ အမှတ်(၄) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/သူများ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ယမ်းစမ်းကျေးရွာ၊ ကျောင်းသား/ သူများမှ အကဖြင့် ဖျော်ဖြေခြင်း၊ အခြေခံပညာ အထက်တန်းကျောင်း (မြို့မ) ကျောင်းသား/သူများက အ အက္ခရာ အောင်ပါစေ သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ အခြေခံပညာ မူလတန်းကျောင်း(တပ်တွင်း)ကျောင်းသား/သူများက ပန်းကလေးများရဲ့ ဥယျာဉ်မှူး သီးချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ပြီးနောက် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ဆု ရရှိသူများ၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အထက်တန်းဆင့်၊ အလယ်တန်းဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများ၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းဆင့်၊ အလယ်တန်းဆင့် ဆုရရှိကြသူများ၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ပေးစာရေးပြိုင်ပွဲ အထက်တန်းဆင့် စာစီစာ ကုံးပြိုင်ပွဲတွင် ဆုရကျောင်းသား/သူများ၊ မြို့နယ်အဆင့် အားကစားဆု ရရှိသူများအား ညောင်ဦးမြို့နယ် ပညာရေးမှူး ဒေါ်သန်းသန်းအေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒေါ်သူဇာစိုး(ဦးစီးအရာရှိ)၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးရဲသွင် (ဦးစီးအရာရှိ)နှင့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများက ဆုများ အသီးသီးပေးအပ်ချီး မြှင့်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း