သိန္နီမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

သိန္နီ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင် သိန္နီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေစင်ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

လူငယ်စကားဝိုင်းတွင် ရှေးဦးစွာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းအားကျင်းပရာ သိန္နီမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲတို့မှ ကျောင်းသား/ကျောင်းသူများက လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာပေမြတ်နိုးစိတ်၊ လူငယ်နှင့်လူမှုဆက်ဆံရေး၊ လူငယ်နှင့်မိမိကိုယ်မိမိယုံကြည်မှု၊ လူငယ်နှင့်တက်လမ်း၊ လူငယ်နှင့်မူးယစ်ဆေး စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်‌ရောက်လာသော ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသောအကြောင်းအရာများကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက ကျောင်းသား၊ ကျောင်းသူလူယ်များအနေဖြင့် လူငယ်စကားဝိုင်းတွင် အပြန်အလှန်ပါဝင်ဆွေးနွေးခြင်းအားဖြင့် မိမိတို့၍ ဉာဏစွမ်းရည်၊ စကားပြောစွမ်းရည်များ တိုးတက်လာမည်ဖြစ်သောကြောင့် လိုက်ပါကြိုးစားကြရန်လိုအပ်ကြောင်း၊ ယခုကဲ့သို့ စာပေစကားဝိုင်းများကို များများပြုလုပ်ပေးသင့်ပါကြောင်း၊ လူငယ်စကားဝိုင်းဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးသော တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း ကျေးဇူးတင်စကားပြောကြားခဲ့သည်။  အဆိုပါလူငယ်စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းထွန်း၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)