မှော်ဘီမြို့နယ်၌ အိမ်ထောင်စု လူဦးရေစာရင်းများ တစ်အိမ်တက်ဆင်းမြေပြင် ကွင်းဆင်းကောက်ယူရေးဆောင်ရွက်

မှော်ဘီ ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ မြေပြင်တစ်အိမ်တက်ဆင်း လူဦးရေစာရင်းမှန်ကန်စွာ ရရှိစေရေးနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် များပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းများ မြေပြင်ကွင်းဆင်းကောက်ယူရေးကို (၉.၁.၂၀၂၃)ရက်နေ့မှ စတင်ကောက်ယူလျက်ရှိရာ ယမန်နေ့ နံနက်(၈)နာရီမှစတင်ကာ မှော်ဘီမြို့နယ်အတွင်း သက်ဆိုင်ရာရပ်ကွက်အုပ်စု ကောက်ကွက်များအလိုက် အိမ်ထောင်စုလူဦး ရေစာရင်းများကိုတာဝန်ရှိသူများက တစ်အိမ်တက်ဆင်းမြေပြင် ကွင်းဆင်းကောက်ယူ လျက်ရှိသည်။

မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ်အတွင်း ရပ်ကွက်အုပ်စုပေါင်း(၄၃)အုပ်စုရှိပြီး စာရင်းကောက်ယူရေးအဖွဲ့ (၁၉၅)ဖွဲ့ အဖွဲ့များက ကောက်ကွက်များအလိုက် တစ်ပြိုင်နက်တည်းဖြင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်စာရေးများ၊ ရာအိမ်မှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် တာဝန်ရှိသူများက လူနေအိမ်များအတွင်း အမှန်တကယ်နေထိုင်သော လူဦးရေစာရင်း ကောက်ယူခြင်းများကို  တစ်အိမ်တက်ဆင်း သတ်မှတ်စာရင်းပုံစံများဖြင့် လိုက်လံကောက် ယူလျက်ရှိသည်။

အဆိုပါ မြေပြင် လူဦးရေစာရင်းကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မှော်ဘီမြို့နယ်၊ အမှတ်(၄)ရပ်ကွက်အတွင်း၌ တစ်အိမ်တက်ဆင်း ကောက်ခံဆောင်ရွက် လျက်ရှိရာသို့ မှော်ဘီခရိုင်၊မှော်ဘီမြို့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးမြင့်နိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝေမိုးအောင်၊ အဖွဲ့ဝင်(၃) ဒေါ်ဥမ္မာညွန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖြိုးအောင်ကြည်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်စုံကျော်၊ အဖွဲ့ဝင်(၂) ဦးဝင်းစိုး၊ အဖွဲ့ဝင် (၃)မြို့နယ်  လဝကမှူး ဦးကျော်ကျော်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးမြင့်အောင်မှော်ဘီမြို့နယ်ရှိ အဖွဲ့ဝင်များပါဝင်သောအဖွဲ့ဖြင့် စာရင်းကောက်ယူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် စာရင်းများမှန်ကန်မှုရှိစေရေးအတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ပြီး အခက်အခဲများကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်ဇော် (ပြန်/ဆက်)