မိတ္ထီလာ ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် နည်းပညာတ္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ထူးချွန်ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပါမောက္ခချုပ် ဒေါက်တာစန်းစန်းရီက ၂၀၂၂-၂၀၂၃ပညာသင်နှစ် တက်ရောက်မည့် ကျောင်းသား ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ၎င်းနောက် ကျောင်းသားဟောင်းများက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ရာ ကျောင်းသားသစ်များက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ထူးချွန်ကျောင်းသား ကျောင်းသူများနှင့် E-sport အနိုင်ရ ကျောင်းသားကျောင်းသူများအား ပါမောက္ခချုပ် ဒေါက်တာစန်းစန်းရီနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ရာ ကျောင်းသား ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
အဆိုပါ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ထူးချွန်ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပါမောက္ခချုပ် ဒေါက်တာစန်းစန်းရီ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ အောင်နိုင်မြင့်၊ ဌာနမှူးများနှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)