သတင်းများ

ပွင့်ဖြူမြို့နယ် သာစည်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
Jan 13,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သာစည်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ အဋ္ဌမအကြိမ်ထုတ်ချေးပေးခြင်းကို ယမန်နေ့ ညနေ ၃ နာရီက အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ် အ-မ-က (ဟိုဖိုင်)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေး
Jan 13,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင်  ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် (၁၀)နာရီချိန်က  အ-မ-က (ဟိုဖိုင်)ကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ကိုထိုးနှံပေးခဲ့သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပြည်နယ်ဂုဏ်ဆောင်ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်
Jan 13,2023
မွန်ပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပြည်နယ်ဂုဏ်ဆောင် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများ ၊ ထူးချွန်ကျောင်းသား/ ကျောင်းသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
မိုင်းယုမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေး
Jan 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
လဲချားမြို့နယ် မြို့မကျေးရွာအုပ်စု(ဖွေးဟိုင်း)ကျေးရွာတွင် မြေပြင်တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jan 13,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group)များမှ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၁)နာရီခွဲ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ရေနံချောင်းတက္ကသိုလ်၌ Longlasting Present of the Ayeyarwady River ခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပ
Jan 13,2023
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ မြန်မာနိုင်ငံ၏ အဓိကမြစ်တစ်စင်းဖြစ်သည့် ဧရာဝတီမြစ်၏ အရေးပါပုံနှင့်ပတ်သက်၍ Longlasting Present of the Ayeyarwady River ခေါင်းစဉ်ဖြင့် ဟောပြောပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်မှုရှိစေရန် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ
Jan 13,2023
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌ အိမ်ထောင်စု လူဦးရေစာရင်းတိကျ မှန်ကန်မှုရှိစေရန် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီက ဦးဆောင်၍ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) များက တစ်အိမ်တက်ဆင်း စာရင်းကောက်ယူ လျက်ရှိသည်။
မိုင်းရှူးမြို့၌ ၂၀၂၃ ခုနှစ် ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ(ဖလား) အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကျင်းပ
Jan 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ (ဖလား)အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွှဲ(၂)နာရီက မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။