မိုင်းရှူး ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ (ဖလား)အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွှဲ(၂)နာရီက မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းသားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းသားများကို လိုက်လံနှုတ်ဆက်အားပေးကြသည်။ ယင်းနောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး ဘင်ခရာတီဝိုင်းအဖွဲ့၊ ပန်းပွားအကအဖွဲ့၊ ကျောင်းသား၊ ကျောင်းသူအကအဖွဲ့များက ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ကွင်းဖွင့်ပွဲတွင် ဝမ်ဟိုင်း(က)အသင်းနှင့်ရှမ်းစတားအသင်း ယှဉ်ပြိုင်ခဲ့ရာ ဝမ်ဟိုင်း(က)အသင်းက ရှမ်းစတားအသင်းကို(၂)ဂိုး၊ ဂိုးမရှိရလဒ်ဖြင့်အနိုင်ရခဲ့ကြောင်း အဆိုပါအခမ်းအနားတွင် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝါသနာရှင်မိဘပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)