မိုင်းယုမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေး

မိုင်းယု ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအားချာက “ကလေးသူငယ်များ လုပ်ကိုင်သမျှ အလုပ်အားလုံးကို ကလေးအလုပ်သမားဟု အတန်းစားမသတ်မှတ်သင့်ပါကြောင်း၊ ILO ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ ကလေးအလုပ်သမားဟူသည် ၎င်း၏ ကလေးဘဝ၊ ရှေ့အလားအလာနှင့် ဂုဏ်သိက္ခာတို့ကို ကင်းမဲ့စေပြီး ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေသည့် အလုပ်မျိုးကို လုပ်ကိုင်နေရသူများကိုဆိုလိုကြောင်း” စသည့် ကလေးအလုပ်သမားဆိုင်ရာအကြောင်းကို ဆွေးနွေးခဲ့သည်။

ထို့နောက် ဝန်ထမ်းများက ဘေးဥပါဒ်အန္တရာယ်ကျရောက်နေသော ကလေးသူငယ် အလုပ်သမား၊ ကလေးအလုပ်သမားရင်ဆိုင်ရခြင်းအလုပ်ရှင်များ၏ တုံ့ပြန်ချက်များနှင့် စိစစ်ခြင်းများ၊ ကလေးအလုပ်သမားတိုက်ဖျက်ရန် အလုပ်ရှင်အဖွဲ့အစည်းများအတွက် အကြောင်းပြချက်သုံးချက် စသည့်အကြောင်းအရာများကို ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နေဝင်း